Windows Version ဆိုတာ ဘာလဲ၊ ကိုယ်သုံးနေတဲ့ Windows 10 က Version ဘယ်လောက်လဲ၊ ဘယ်လိုစစ်ရမလဲ၊ ဘယ် Version က ပိုကောင်းသလဲ ဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။
အရင်ဆုံး Windows Version ဆိုတာက ကျနော်တို့ ဖုန်းတွေမှာလိုပဲ iOS Version, Android Version, MIUI Version စတာတွေနဲ့ အတူတူပဲ ဖြစ်ပါတယ်၊ ဖုန်းတွေမှာ ကိုယ်သုံးနေတဲ့ OS အလိုက် Version အသစ်တွေ ထွက်လာရင် Update လုပ်ပြီး သုံးကြပါတယ်၊ Version မြှင့်လာတိုင်း Feature အသစ်တွေလည်း ပါလာပါတယ်။
ဒီနေ့ Windows Version မှာ Windows 10 အကြောင်းကိုပဲ အဓိက ပြောပေးသွားပါမယ်၊ Windows 10 မှာ Version တွေ အများကြီး ရှိပါတယ်၊ ဒီနေရာမှာ Windows Edition နဲ့ Windows Version ကို မရောထွေးစေချင်ပါဘူး၊ အဲနှစ်ခုက လုံးဝ မတူပါဘူး။
Windows 10 Edition ဆိုတာက Home, Pro, Enterprise, Education, .. စတာတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်၊ Windows 10 Edition အကြောင်း အပြည့်အစုံကို အောက်က ပို့စ်မှာ ဖတ်လို့ရပါတယ်။
Windows Version ဆိုတာက ခုနှစ်အလိုက် Update ထွက်ခဲ့တဲ့ Version ကို ဆိုလိုခြင်း ဖြစ်ပါတယ်၊ Windows Update လုပ်တယ်ဆိုတာက အဲဒီ Version ကို Update လုပ်တာ ဖြစ်ပါတယ်။
Windows 10 ကို 2015 မှ စတင် Release လုပ်ခဲ့ပြီး 2025 အထိ Update ရနေဦးမှာ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Windows 10 Version က ဘယ်လောက်လဲဆိုတာ အောက်ပါအတိုင်း စစ်လို့ရပါတယ်။
Windows Key နဲ့ R ကို တွဲနှိပ်ပြီး Run box ကို ဖွင့်လိုက်ပါ၊ Run box ထဲမှာ winver လို့ ရိုက်ပြီး Enter ကို နှိပ်လိုက်ပါ။ ဒါဆို Windows Version ကြည့်လို့ရမယ့် Box တစ်ခု တက်လာပါမယ်။
Windows 10 Version နဲ့ ထွက်ခဲ့တဲ့ ရက်စွဲအလိုက် အောက်ပါအတိုင်း ကြည့်လို့ရပါတယ်။
Version 1507
Version 1511 (November Update)
Version 1607 (Anniversary Update)
Version 1703 (Creators Update)
Version 1709 (Fall Creators Update)
Version 1803 (April 2018 Update)
Version 1809 (October 2018 Update)
Version 1903 (May 2019 Update)
Version 1909 (November 2019 Update)
Version 2004 (May 2020 Update)
Version 20H2 (October 2020 Update)
Version 21H1 (May 2021 Update)
Version 21H2 (November 2021 Update)
Windows 10 ရဲ့ လက်ရှိ နောက်ဆုံး Version ကတော့ 21H2 ဖြစ်ပါတယ်၊ November, 2021 မှာ Update ထွက်ခဲ့တာ ဖြစ်ပါတယ်။
တချို့က Windows 10 ကို သုံးနေကြပေမယ့် 1803, 1903 Version သုံးနေကြသေးတာကို တွေ့နေရပါတယ်၊ Version တစ်ခုထွက်လာတိုင်း သုံးရတာလည်း မတူသလို Security Update တွေလည်း မတူပါဘူး၊ ဒါကြောင့် ကိုယ့်ရဲ့ Windows Version က အရမ်းနိမ့်နေတယ်ဆိုရင် Version Update လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ကိုယ့်ရဲ့ စက်အနေအထားအရ နောက်ဆုံး Version 21H2 ကို မနိုင်ဘူးဆိုရင်လည်း အနည်းဆုံး 20H2 ကို Update လုပ်ပြီး သုံးကြဖို့ အကြံပေးချင်ပါတယ်။
နောက်လာမယ့် Post တစ်ခုမှာ ကိုယ်လိုချင်တဲ့ Windows Version ကို ဘယ်လို Update လုပ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။
တခြားသူတွေအတွက် Share ပေးသွားလို့ရပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ…။