Kaspersky Total Security 2024 ( One Year 1 PC )

55000Ks

Categories: ,

ယနေ့ခေတ်မှာ မိမိတို့ရဲ့ အရေးကြီးတဲ့ Data တွေကို Virus ရန်မှ ကာကွယ်ဖို့ စက်ထဲမှာ မရှိမဖြစ်ထည့်ထားသင့်တဲ့ ဆော့ဖ်ဝဲတွေထဲမှာ Antivirus လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်၊ Kaspersky က လူသုံးများပြီး နာမည်ကြီးတဲ့ Antivirus Software တစ်ခုဖြစ်တယ်ဆိုတာ လူတိုင်းသိပြီးသားပါ၊ အစိုးရရုံးတွေ၊ ပုဂ္ဂလိကကုမ္ပဏီကြီးတွေ၊ အဖွဲ့အစည်းတွေမှာ အရေအတွက်အများဆုံး အသုံးပြုကြပါတယ်၊ Kaspersky မှာ Antivirus, Internet Security, Total Security ဆိုပြီးတော့ (၃) မျိုးရှိပါတယ်၊ အခုဟာကတော့ Total Security ဖြစ်ပါတယ်၊ ရုံးသုံးကွန်ပျူတာများ၊ အင်တာနက်အသုံးများတဲ့ ကွန်ပျူတာများအတွက် အထူးပဲ သင့်လျော်ပါတယ်။

Kaspersky Total Security မှာ ပါဝင်တဲ့ Feature တွေကတော့ –

Real-Time Anti-Virus
ဒါက Antivirus Software တိုင်းမှာ ပါဝင်တဲ့ တစ်ခုဖြစ်ပါတယ်၊ Malware, Spyware, Ransomware တွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။

Anti-Phishing
Scam Mail, Fake Sites တွေကနေပြီးတော့ မိမိရဲ့ Data အချက်အလက်တွေကို ခိုးယူမခံရအောင် ကာကွယ်ပေးပါတယ်။

Performance Optimization
မိမိရဲ့ စက်ကို ပေါ့အောင်၊ မလေးအောင်၊ သုံးရတာ Smooth ဖြစ်အောင် ကူညီပေးပါတယ်။

Payment Protection

အွန်လိုင်းကနေပြီးတော့ တစ်ခုခုဝယ်ယူတဲ့အခါမှာ ဥပမာ Shopping Site ကနေပြီးတော့ ပစ္စည်းဝယ်တာ၊ Service တွေ ဝယ်သုံးတာ၊ ကိုယ့်ရဲ့ Visa, Master Card, Credit Card တွေနဲ့ ငွေချေရတဲ့အခါ Transaction တွေကို Secure ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

Smart & Fast VPN

Kaspersky VPN တစ်ခုဖြစ်ပါတယ်၊ သီးခြား VPN တွေ ဝယ်စရာမလိုတော့ဘဲနဲ့ Premium VPN တစ်ခုကို အသုံးပြုရမှာဖြစ်ပါတယ်။ သူ့ရဲ့ Website မှာ ဝယ်သုံးမယ်ဆိုရင် One Year ကို 29.99 $ ကျသင့်မှာဖြစ်ပါတယ်။

Ad Blocker

ကျနော်တို့ အင်တာနက်အသုံးပြုတဲ့အခါမှာ ကြော်ငြာတွေ ခဏခဏတက်လာတာ တွေ့ဖူးကြပါလိမ့်မယ်၊ အဲဒီကြော်ငြာတွေ ပေါ်မလာအောင် Ad Blocker ကို အသုံးပြုလို့ရပါတယ်၊ ဒါပေမယ့် တစ်ချို့ Website တွေမှာ Ad Block လုပ်ထားရင် ဖွင့်မရတာမျိုးတွေ ရှိပါတယ်၊ ဥပမာ Channelmyanmar ကနေ ဇာတ်ကားတွေ Download လုပ်မယ်ဆိုရင် Ad Blocker ကို ခဏ ပိတ်ထားဖို့ လိုအပ်ပါတယ်။

Private Browsing

အင်တာနက်အသုံးပြုတဲ့အခါမှာ ပိုပြီးတော့ လုံခြုံအောင် Browser ကို Private အနေနဲ့အသုံးပြုတာဖြစ်ပါတယ်၊ ဥပမာ Google Chrome မှာ Incognito အသုံးပြုသလိုမျိုး ဖြစ်ပါတယ်။

Web Cam Protection

နိုင်ငံခြားကားတွေထဲမှာ ကြည့်ဖူးကြပါလိမ့်မယ်၊ ကိုယ့် ကွန်ပျူတာရဲ့ WebCam ကို Hack ပြီး ကိုယ်လုပ်သမျှ အကုန်မြင်နေရပါတယ်၊ တကယ် Hack လို့ရပါတယ်၊ ( ကျနော်ကတော့ မ Hack တတ်ပါဘူး )။ တကယ်လို့ မိမိက နာမည်ကြီးတဲ့သူ Cele တစ်ယောက်ဆိုရင် သတိထားရပါလိမ့်မယ်။

Adult Content Blocker

ဒီ Feature ကတော့ တော်တော်လေးအသုံးဝင်ပါတယ်၊ ဘယ်လိုလူမျိုးအတွက်လဲဆိုတော့ ကိုယ့်မှာ အရွယ်မရောက်သေးတဲ့ သားသမီးတွေ ရှိတဲ့အခါ သူတို့က ဖုန်းတွေ, Laptop တွေ, Tablet တွေနဲ့ အင်တာနက်သုံးတဲ့အခါ မမြင်အပ် မကြည့်အပ်တဲ့ Photo, Video နဲ့ စာတွေကို ကြည့်လို့မရအောင် တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီ Feature ကို အသုံးပြုထားမယ်ဆိုရင်တော့ ရိုက်ရှာလို့လည်း ပေါ်လာမှာ မဟုတ်တော့ပါဘူး။

Screen-Time Management

ဒီဟာလည်း အဓိက ကိုယ့်ရဲ့ သားသမီးတွေကို ထိန်းချုပ်ချင်တဲ့အခါမှာ အရမ်းကောင်းပါတယ်။ ကလေးတွေက ဖုန်းတွေ, Tablet တွေပဲ အရမ်းကြည့်နေတယ်၊ Password ခံထားရင်လည်း ပြန်ဖွင့်ခိုင်းတယ်၊ ဒါကို အသုံးပြုမယ်ဆိုရင် သူက Screen ကြည့်ရှုချိန် ဥပမာ တစ်နေ့ကို မိနစ် (၆၀) ထားမယ်ဆိုရင် သတ်မှတ်အချိန်ပြည့်တာနဲ့ Screen က ပိတ်သွားမှာဖြစ်ပါတယ်။

GPS Child Locator

Digital မြေပုံမှာ ကိုယ့်ကလေးနဲ့ အနီးစပ်ဆုံးနေရာကို Pinpoint ထောက်ပြီး GPS အနေနဲ့ ကလေးပျောက်သွားတဲ့အခါ ပြန်ရှာပေးတာဖြစ်ပါတယ်။ ဒီ Feature က တကယ်သုံးလို့ရမရ နဲ့ ဘယ်လောက်ကောင်းလဲဆိုတာတော့ ကျနော်လည်း မစမ်းဖူးသေးပါဘူး။

File Protection

ကိုယ့်စက်ထဲက Data တွေကို Backup ပြုလုပ်ပေးတာဖြစ်ပါတယ်၊ စက်ထဲက Data တွေ တစ်ခုခုဖြစ်သွားရင် Backup File နဲ့ Restore ပြန်လုပ်ပြီး Data တွေ မပျောက်ပျက်အောင် ကာကွယ်ထားလို့ရပါတယ်။

Password Manager

သူကတော့ ကျနော်တို့ရဲ့ Password တွေကို လုံခြုံအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်၊ Strength ဖြစ်တဲ့ Password တွေကို Generate လုပ်ခိုင်းလို့ရသလို Browser မှာ အင်တာနက်အသုံးပြုတဲ့အခါမှာ Password တွေ မရိုက်ရအောင်လည်း ဒီ Password Manager မှာ ပြုလုပ်ထားလို့ရပါတယ်။

  • Operating System : Windows
  • Expire : One Year
  • Device : One PC
  • Activation : Online Activate
  • Delivery : Email
  • Support : Online Remote

အသေးစိတ် ထပ်မံမေးမြန်းလိုပါက Phone – 09 420180098

Reviews

There are no reviews yet.

Be the first to review “Kaspersky Total Security 2024 ( One Year 1 PC )”

Your email address will not be published. Required fields are marked *