Office License တွေက တချို့ရောင်းတာ ဈေးနည်းပြီး တချို့ကျ ဘာကြောင့် ဈေးပိုများတာလဲ

ကျနော်တို့ကို ခဏခဏ လာမေးကြတဲ့ မေးခွန်းပါ၊ တချို့ရောင်းတာ ဈေးပိုသက်သာတယ်၊ တချို့က ဈေးပိုများတယ်၊ ဘာကြောင့် ဈေးမတူတာလဲ၊ ဘာကွာလဲ…။

မသိရင်တော့ ဈေးပိုများတဲ့သူက အမြတ်ပိုတင်ပြီး ရောင်းတယ်လို့ပဲ ထင်ကြမှာပါ၊ ဒါပေမယ့် ကိုယ်ဝယ်မယ့် လိုင်စင်အမျိုးအစားကိုလည်း သိဖို့ လိုပါတယ်၊ ဈေးနည်းတဲ့သူက ဘာလိုင်စင် အမျိုးအစားလဲ, ဈေးပိုများတာက ဘာလိုင်စင် အမျိုးအစားလဲ၊ အဲလိုသိမှ ကိုယ်က ဘယ်ဟာကို ရွေးချယ်သင့်တာလဲဆိုတာ အဆင်ပြေမှာပါ။

အခု Office License အမျိုးအစားကို ပြောပြပါမယ်။

Online ပေါ်မှာ ရောင်းနေကြတဲ့ Office License က (၃) မျိုး ရှိပါတယ်၊ ကိုယ်က အဲဒီ (၃) မျိုးရဲ့ အကြောင်းကို သေချာမသိဘဲ ဈေးပဲ ကြည့်မယ်ဆိုရင်တော့ ဈေးပိုများတာ ရောင်းတဲ့သူကို အမြတ်ကြီးစားတယ်လို့ပဲ ထင်ကြမှာပါ။

(1) Phone Activation Key
(2) Online Activation Key
(3) Bind Key

ဆိုတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

Phone Activation Key ဆိုတာကတော့ Activate လုပ်တဲ့အခါ Verified Code ပြန်တောင်းရပါတယ်၊ ဖုန်းဆက်ပြီး တောင်းစရာမလိုဘဲ တခြားနည်းနဲ့ တောင်းလို့ရပါတယ်၊ ဝယ်တဲ့သူကတော့ ဘာမှ သိမှာမဟုတ်ပါဘူး၊ ရောင်းတဲ့သူဘက်က အဲဒီ Code ကို တောင်းပြီး ပို့ပေးကြတာ များပါတယ်။

သူက ဈေးအနည်းဆုံး ဖြစ်ပါတယ်၊ လိုင်းပေါ်မှာ ရောင်းကြတဲ့ 10000, 15000 ကျပ် တန်က အဲဒီ အမျိုးအစား ဖြစ်ပါတယ်၊ သူ့ကို One Time Activate Key လို့လည်း ခေါ်ကြပါတယ်၊ ဘာကြောင့်လဲဆိုတော့ အဲဒီ Key က တစ်ခါပဲ သုံးလို့ရလို့ပါ၊ ဆိုလိုတာက ကွန်ပျူတာက Error မတက်မချင်း သုံးလို့ရနေမှာပါ၊ Error တက်လို့ Office Software ကို အသစ်ပြန်တင်ရတယ်ဆိုရင် လိုင်စင် Key လည်း ပြန်သုံးလို့ မရတော့ပါဘူး။ Software ပျက်သွားရင် လိုင်စင်လည်း ပျက်ပါတယ်၊ Windows ပြန်တင်ရတာမျိုး၊ Office ပြန်တင်ရတာမျိုးဆိုရင် လိုင်စင် Key လည်း ပျက်ပါပြီ။

ဒုတိယတစ်ခု Online Activation Key ကတော့ Activate လုပ်တာ လွယ်ပါတယ်၊ Key ထည့်ပြီး Next နှိပ်ပေးလိုက်ရုံပါပဲ၊ Code ပြန်တောင်းစရာ မလိုပါဘူး၊ သူ့ကို Retail Key လို့လည်း ခေါ်ကြပါတယ်။

သူကတော့ Windows ပြန်တင်၊ Office ပြန်တင်ရင်လည်း Key ကို ပြန်သုံးလို့ရပါတယ်၊ လိုင်စင် မပျက်ပါဘူး၊ HDD နဲ့ Motherboard ပျက်လို့ လဲရရင်တော့ လိုင်စင်ပျက်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ Key က HDD နဲ့ Motherboard ရဲ့ ID နဲ့ တွဲမှတ်ထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သူ့ကို လိုင်းပေါ်မှာ 25000, 30000 နဲ့ ရောင်းကြပါတယ်။

နောက်တစ်ခု Bind Key ဆိုတာက‌တော့ အကောင်းဆုံးနဲ့ ဈေးပိုများဆုံး ဖြစ်ပါတယ်၊ Bind ဆိုတာက ချည်နှောင်တယ်၊ တွဲထားတယ် လို့ အဓိပ္ပါယ်ရပါတယ်၊ ဘာနဲ့ တွဲထားလဲဆိုတော့ ကိုယ့်ရဲ့ Microsoft Account နဲ့ တွဲထားတာပါ၊ ဒါကြောင့် Bind Key သုံးမယ်ဆိုရင် Microsoft Account ရှိဖို့ လိုပါတယ်၊ Gmail လိုမျိုး အလွယ်တကူ Free ဖွင့်လို့ရပါတယ်။

Bind Key ရဲ့ အားသာချက်ကတော့ Windows ပြန်တင်လည်း လိုင်စင်မပျက်ဘူး၊ HDD, Motherboard ပျက်လည်း လိုင်စင် မပျက်ဘူး၊ နောက်ဆုံး ကွန်ပျူတာ တစ်ခုလုံး သုံးမရအောင် ပျက်သွားလည်း လိုင်စင် မပျက်သေးပါဘူး၊ နောက်ကွန်ပျူတာ အသစ်ဝယ်ပြီး အဲဒီ လိုင်စင်ကို ပြန်သုံးလို့ရပါတယ်၊ ဘယ်အချိန်မှ ပျက်မှာလဲ ဆိုတော့ မိတ်ဆွေရဲ့ Microsoft Account ပျက်ရင်တော့ လိုင်စင် ပျက်ပါတယ်၊ ဥပမာ – Account Password မေ့သွားတာမျိုး၊ Sign in ဝင်မရတော့တာမျိုး ဆိုရင်တော့ လိုင်စင်လည်း ပျက်ပါတယ်၊ သူ့ရဲ့ ဈေးနှုန်းကတော့ 30000 ကနေ 50000 ကြား ရောင်းကြပါတယ်။

ဒါဆို Office License အမျိုးအစားနဲ့ ဈေးနှုန်းတွေ သိသွားပြီဆိုရင်တော့ ကိုယ်ဝယ်တာ ဘယ်အမျိုးအစားလဲဆိုတာ သိလောက်ပြီလို့ ထင်ပါတယ်။

ကျနော်တို့ကတော့ ဈေးသက်သာတဲ့ One Time Key တွေ မရောင်းသလို သုံးဖို့ကိုလည်း အားမပေးချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ Windows Error, Office Error ဆိုတာ မတက်ဘဲ မနေပါဘူး။

ကျနော်တို့ဆီက ဝယ်မှ မဟုတ်ပါဘူး၊ ဘယ်ကပဲ ဝယ်ဝယ်ပါ၊ လိုင်စင်အမျိုးအစားကို သေချာပြောပြပြီး ပွင့်ပွင့်လင်းလင်း ရောင်းပေးတယ်ဆိုရင် ဝယ်လို့ရပါတယ်။

ထပ်သိချင်တာရှိရင်လည်း မေးလို့ရပါတယ်။

Ph. 09420180098 | 09777955704

ACTC Myanmar Co.,Ltd