Office Crack Key များ ဖျက်နည်း

ကိုယ်က Microsoft Office ကို လိုင်စင်နဲ့ ဝယ်သုံးလိုက်တယ်၊ ဝယ်သုံးပြီး မကြာခင်မှာပဲ လိုင်စင်ပြန်တောင်းတဲ့ Error တက်လာတယ်၊ ပြောတော့ Lifetime ဆို၊ အခု လိုင်စင်ပြန်တောင်းနေတယ်ဆိုပြီး Seller ဆီကို ပြန်ပြီး Complain တက်ကြပါတယ်။

အဲဒီအခါမှာ Word ဖြစ်ဖြစ်, Excel ဖြစ်ဖြစ် ဖွင့်ပါ၊ ပြီးရင် File ကနေ Account ကို သွားပါ၊ အောက်က ပုံလိုမျိုး တွေ့ရပါမယ်၊ (၂) ခုပေါ်နေပါမယ်၊ မပေါ်ဘူးဆိုရင် Show Additional Licensing Information ဆိုတဲ့ စာသားကို နှိပ်ပါ။

ဘာလို့ အဲလိုမျိုး (၂) ခုပြနေတာလဲဆိုတော့ အရင်တုန်းက ထည့်ခဲ့တဲ့ Crack Version Key ကို မဖျက်ဘဲ လိုင်စင် Key ကို ထပ်ထည့်လိုက်လို့ပဲ ဖြစ်ပါတယ်၊ Office Key က Windows Key လိုမျိုး Overwrite မဟုတ်ဘဲ တစ်ခါထည့်တိုင်း တစ်ခုဝင်နေတာ ဖြစ်ပါတယ်။

အဲဒီတော့ ကျနော်တို့က Crack Key ကို သွားဖျက်ပေးရပါမယ်။

အရင်ဆုံး မိမိရဲ့ Office က 32bit လား, 64bit လားဆိုတာ စစ်ကြည့်ရပါမယ်၊ အပေါ်ပုံက About Excel ဆိုတဲ့ Question Mark ကို နှိပ်ပါ၊ 64bit or (x86)32bit ကို တွေ့ပါလိမ့်မယ်။

cmd ကို run as administrator နဲ့ ဖွင့်ပါ၊

ပြီးရင် 32bit ဆိုရင် အောက်က command

cd C:\Program Files (x86)\Microsoft Office\Office16

64bit ဆိုရင် အောက် command

cd C:\Program Files\Microsoft Office\Office16

ပြီးရင် အောက် command ဆက်ရိုက်ပါ၊

cscript ospp.vbs /dstatus

ဒါဆိုရင်တော့ မိမိရဲ့ Office မှာ ရှိတဲ့ Key တွေ ကျလာပါမယ်၊ Key တွေက အပြည့်အစုံဖော်ပြမှာ မဟုတ်ပါဘူး၊ နောက်ဆုံးနံပါတ် (၅) လုံးပဲ ဖော်ပြပေးမှာပါ။

ကိုယ်ဝယ်ထားတဲ့ Key ကို တွေ့အောင်ရှာပါ၊ အဲဒီ Key က လွှဲပြီး ကျန်တဲ့ Key တွေကို ဖျက်ပေးရပါမယ်၊ ဖျက်ဖို့အတွက် အောက်က command ကို သုံးပါ၊

cscript ospp.vbs /unpkey:XXXXX

XXXXX နေရာမှာ ကိုယ်ဖျက်ချင်တဲ့ Key ရဲ့ နောက်ဆုံးနံပါတ် (၅) လုံးပါ၊

အဲ့နည်းနဲ့ တစ်ခုပြီးတစ်ခု ဖျက်ပေးရမှာ ဖြစ်ပါတယ်။

နောက်ဆုံး ကိုယ်ဝယ်ထားတဲ့ key တစ်ခုပဲ ကျန်တော့တယ်ဆိုရင်တော့ အကုန်ပိတ်လို့ရပါပြီ၊ Word or Excel ကို ဖွင့်ပြီး File>Account ကို သွားစစ်ကြည့်ပါ။

Product Activated ဆိုပြီး တစ်ခုပဲ ကျန်ပါတော့မယ်။

ဒါဆို အောင်မြင်စွာ လုပ်ဆောင်ပြီးသွားပါပြီ။

ကျေးဇူးတင်ပါတယ်။