Office Bind Key အကြောင်း

Microsoft Office လိုင်စင် ဝယ်တဲ့အခါမှာ Online Key (Retail) နဲ့ Bind Key ဆိုပြီးတော့ (၂) မျိုးရှိတာကို အရင်ဆုံး သိထားဖို့ လိုပါတယ်။

Retail Online Key ဆိုတာကတော့ အခု လိုင်းပေါ်မှာ ဈေးသက်သက်သာသာနဲ့ ရောင်းနေကြတဲ့ Key တွေ ဖြစ်ပါတယ်၊ Online Key မှာ ဈေးနှုန်းအလိုက် Quality လည်းကွာခြားပါတယ်၊ ဈေးအရမ်းသက်သာတဲ့ Key တွေက များသောအားဖြင့် အဲဒီ Key ကို တစ်ကြိမ်ပဲ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။

တစ်ကြိမ် ( One Time ) ပဲ အသုံးပြုလို့ရတယ်ဆိုတာကို ရှင်းပြပါမယ်၊ Key ကို ဝယ်ပြီး ပထမဆုံး တစ်ကြိမ်ပဲ အသုံးပြုလို့ရတာပါ၊ နောင်တစ်ချိန် Office Software ပြန်တင်ရတာမျိုး၊ Windows ပြန်တင်ရတာမျိုးဆိုရင် အဲဒီ Key ကို ပြန်သုံးလို့ မရတော့ပါဘူး။

ဒါကြောင့် ဈေးအရမ်းသက်သာတဲ့ Key ကို ဝယ်ရင် အဲဒီအချက်ကို သတိထားဖို့ လိုပါတယ်။

ကွန်ပျူတာတစ်လုံးအတွက် Software ဘယ်နှစ်ခါပဲ ပြန်တင်ရ တင်ရ ပြန်လည်အသုံးပြုလို့ရတဲ့ Key တွေက ဈေးအရမ်း မသက်သာပါဘူး၊ အဲလို Key မျိုးဆိုရင် ဒီကွန်ပျူတာ တစ်လုံးအတွက် တစ်သက်သာ စိတ်ချလက်ချ အသုံးပြုလို့ ရပါတယ်။

အခု Bind Key အကြောင်းကို ဆက်ပြောပါမယ်။

Bind ဆိုတာ ချည်နှောင်တာ, တွဲထားတာကို ဆိုလိုတာပါ၊ Microsoft ရဲ့ Product တွေကို သုံးတဲ့အခါမှာ Microsoft Account ရှိဖို့ လိုအပ်ပါတယ်၊ Microsoft Account ကို လွယ်ကူစွာ လျှောက်နိုင်ပါတယ်၊ မိမိရဲ့ Account နဲ့ Office License Key ကို တွဲထားတာ ဖြစ်ပါတယ်။

Bind Key ရဲ့ အားသာချက်

Office မှာ မိမိရဲ့ Microsoft Account ကို Sign in ဝင်ပေးလိုက်တာနဲ့ Activate ဖြစ်ပါတယ်၊ Key ထည့်စရာ မလိုတော့ပါဘူး။

ဒီကွန်ပျူတာကနေ အခြားကွန်ပျူတာကို ပြောင်းတဲ့အခါမှာလည်း လွယ်ပါတယ်၊ လက်ရှိကွန်ပျူတာကနေ Sign out လုပ်ပြီး ကွန်ပျူတာအသစ်မှာ Sign in ပြန်လုပ်လိုက်ရုံပါပဲ။

အသုံးပြုလို့ရတဲ့ အကြိမ်အရေအတွက်လည်း ကန့်သတ်မထားသလို ကွန်ပျူတာချိန်းတဲ့အခါမှာလည်း မိမိရဲ့ လိုင်စင်ကို ယူဆောင်သွားလို့ရပါတယ်။

Online Key ထက် ပိုပြီး ခိုင်မာပါတယ်၊ Ban ခံရတာမျိုး မဖြစ်နိုင်ပါဘူး။

Microsoft Office Bind License Key ကို ဝယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ ကျနော်တို့ဆီမှာ စိတ်ချယုံကြည်စွာ ဝယ်ယူနိုင်ပါတယ်။

ထပ်မံသိရှိလိုပါက

09 420180098

www.actcmm.com