Office 365 ဆိုတာ

  • by
  • Blog

Office 365 ဆိုတာ ကျနော်တို့ သုံးနေတဲ့ Word, Excel, PowerPoint စတဲ့ Software တွေ အသုံးပြုဖို့အတွက် Subscription Plan နဲ့ ဝယ်သုံးရတဲ့ Account ဖြစ်ပါတယ်။

Subscription Plan ဆိုတာ ဘာလဲ ..

Subscription Plan ဆိုတာက Software သို့မဟုတ် Service တစ်ခုကို လစဉ်ကြေး၊ နှစ်စဉ်ကြေး ဖြင့် ဝယ်ယူအသုံးပြုလို့ ရတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ တစ်လတစ်ခါ သို့မဟုတ် တစ်နှစ်တစ်ခါ ငွေပေးချေရပါတယ်။

Onetime Payment ဆိုတာ ဘာလဲ ..

Onetime Payment ဆိုတာကတော့ Software သို့မဟုတ် Service တစ်ခုကို ဝယ်ယူအသုံးပြုတဲ့အခါ တစ်ကြိမ်သာလျှင် ငွေပေးချေရပြီး အမြဲ (Lifetime) အသုံးပြုလို့ရတာကို ဆိုလိုခြင်း ဖြစ်ပါတယ်၊ Office 2013,2016,2019,2021 တို့က Onetime Payment ဖြင့် ဝယ်ယူအသုံးပြုရတဲ့ Software တွေ ဖြစ်ပါတယ်။

Office 2016,2019,2021 တို့နဲ့ Office 365 က ဘာကွာသလဲ ..

အများကြီးကွာခြားပါတယ်၊ Office 2016,2019,2021 တို့က Offline Only ပဲ အသုံးပြုလို့ရပါတယ်၊ Offline ဆိုတာက ဆော့ဖ်ဝဲကို ကွန်ပျူတာမှာ Install လုပ်ပြီး အသုံးပြုတာပါ၊ အခု ကျနော်တို့ ကွန်ပျူတာမှာ ထည့်သွင်းပြီး အသုံးပြုထားတဲ့ Software တွေအားလုံးက Offline ဖြစ်ပါတယ်၊ အသုံးပြုနေစဉ်အတွင်း အင်တာနက် မလိုပါဘူး။

Office 365 က Offline / Online နှစ်မျိုးလုံး အသုံးပြုလို့ရပါတယ်၊ Online အသုံးပြုလို့ရတယ်ဆိုတာက တနည်းအားဖြင့် Web Version အသုံးပြုလို့ရတာကို ဆိုလိုခြင်း ဖြစ်ပါတယ်၊ Web Version ဖြစ်တဲ့အတွက် Word, Excel,.. တွေကို သုံးမယ်ဆိုရင် အင်တာနက်ရတဲ့ မည်သည့် Device မှာမဆို အသုံးပြုနိုင်ပါတယ်၊ ကွန်ပျူတာဖြစ်မှ မဟုတ်ပါဘူး၊ Android, Tablet, iPad, .. စတဲ့ Device တွေရဲ့ Browser တွေကနေ Account ကို Login ဝင်ပြီး အသုံးပြုလို့ရပါတယ်။

Web Version ကို အသုံးပြုလို့ရခြင်းအားဖြင့် ဘာတွေ အားသာချက်ရှိမလဲ…၊ အဓိကတော့ File တွေကို ဘယ်နေရာရောက်ရောက် ဝင်ရောက်ကြည့်ရှုလို့ရနိုင်တာပဲဖြစ်ပါတယ်၊ File တွေကို သိမ်းဖို့ OneDrive Cloud Storage ကို အသုံးပြုပါတယ်။
နောက်ပြီးတော့ Office 365 ဆိုတာက Account ဖြစ်ပါတယ်၊ Username နဲ့ Password ပါတဲ့ Account တစ်ခုဖြစ်ပါတယ်၊ ကိုယ်တိုင် မိမိရဲ့ Gmail နဲ့ ဝယ်တာပဲဖြစ်ဖြစ်၊ သူများဆီကနေ တဆင့်ဝယ်တာပဲဖြစ်ဖြစ် Username နဲ့ Password တစ်ခုကို ရမှာဖြစ်ပါတယ်၊ Online Web Version ကိုအသုံးပြုမယ်ဆိုရင် အဲဒီ Account ကို Login ဝင်ပြီး အသုံးပြုရမှာပါ၊ Offline Apps တွေဖြစ်တဲ့ Word, Excel,.. တွေကိုသုံးမယ်ဆိုရင်လည်း Account ကို Login ဝင်မှ Activate ဖြစ်ပြီး အသုံးပြုလို့ရတာဖြစ်ပါတယ်။

Office 365 ကို ဝယ်သုံးဖို့ Plan အမျိုးမျိုး ရှိပါတယ်။

For Home

For Business

For Enterprise

For Education


ဆိုပြီးတော့ အဓိက Plan (၄) မျိုးရှိပါတယ်။


For Home မှာဆိုရင် Personal နဲ့ Family ဆိုပြီးတော့ (၂) မျိုး ထပ်ရှိပါတယ်၊ Personal Plan အနေနဲ့ ဝယ်သုံးမယ်ဆိုရင် တစ်နှစ်ကို 69.99$ ( မြန်မာငွေ – 125,000 Ks ခန့် ) ကျသင့်မှာဖြစ်ပါတယ်၊ For Home Plan ရဲ့ အသေးစိတ်ကို အောက်က Link မှာ ကိုယ်တိုင် ဖတ်ရှုနိုင်ပါတယ်။https://www.microsoft.com/en-us/microsoft-365/buy/compare-all-microsoft-365-products

For Business မှာဆိုရင် Business Basic, Business Standard, Business Premium, Apps for Business ဆိုပြီးတော့ (၄) မျိုး ထပ်ရှိပါတယ်၊ For Business ကို ဝယ်သုံးမယ်ဆိုရင် အနည်းဆုံးဖြစ်တဲ့ Business Basic က တစ်လကို 5$ ( မြန်မာငွေ – တစ်လ 9000 Ks, တစ်နှစ် 108,000 Ks ခန့် ) ကျသင့်မှာ ဖြစ်ပါတယ်၊ အသေးစိတ်ကို အောက်က Link မှာ ဖတ်ရှုနိုင်ပါတယ်။https://www.microsoft.com/en-us/microsoft-365/business/compare-all-microsoft-365-business-products

For Enterprise မှာဆိုရင် E3, E5, F3 ဆိုပြီးတော့ (၃) မျိုးရှိပါတယ်၊ အနည်းဆုံးက F3 ဖြစ်ပြီး တစ်လကို 8$ ကျသင့်မှာ ဖြစ်ပါတယ်၊ သူ့ရဲ့ Feature တွေ, Price တွေကို အောက်က Link မှာ ဖတ်လို့ရပါတယ်။https://www.microsoft.com/en-us/microsoft-365/compare-microsoft-365-enterprise-plans

For Education မှာတော့ A1, A3, A5 ဆိုပြီးတော့ (၃) မျိုးရှိပါတယ်၊ A1 က Free အသုံးပြုလို့ ရပါတယ်၊ ဒါပေမယ့် Web Version Only ပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်၊ မိမိက Web Version ပဲ သုံးမယ်ဆိုရင်တော့ A1 Account ကို အခမဲ့ ဖွင့်လို့ရပါတယ်၊ YouTube, Facebook တွေမှာ အကောင့်ဖွင့်နည်း Video တွေ အများကြီး တင်ထားကြပါတယ်၊ အောက်က Link မှာ အသေးစိတ် ဖတ်လို့ရပါတယ်။https://www.microsoft.com/en-us/microsoft-365/academic/compare-office-365-education-plans?activetab=tab:primaryr1

ကိုယ်တိုင် www.office.com ကနေ ကိုယ့်ရဲ့ လက်ရှိ Email နဲ့ပဲ Office 365 ကို ဝယ်သုံးလို့ရပါတယ်၊ အနိမ့်ဆုံး Plan က တစ်နှစ်ကို မြန်မာငွေ (၁) သိန်းကျော် ကျသင့်မှာဖြစ်ပါတယ်။

ဒါဆိုရင်တော့ Office 365 ရဲ့ Plan တွေအကြောင်းရယ်၊ တစ်ခြား Office 2016,2019,2021 တို့နဲ့ ကွာခြားချက်တွေအကြောင်းရယ်ကို သိသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။

https://www.facebook.com/actcmm

https://www.facebook.com/licensekeymyanmar

09 420 1800 98