Microsoft Account ပြုလုပ်နည်း

  • by
  • Blog

Microsoft Account ဆိုတာ Microsoft ရဲ့ ထုတ်ကုန်တွေကို Feature အပြည့်အဝနဲ့ အသုံးပြုဖို့အတွက် မဖြစ်မနေ လိုအပ်ပါတယ်၊ အထူးသဖြင့် Windows 10 အသုံးပြုထားတယ်ဆိုရင် Microsoft Store ကနေ App တွေ Download လုပ်ဖို့ Microsoft Account လိုအပ်ပါတယ်။

Windows မှာ Offline Profile Local Account နဲ့ အသုံးပြုဖို့ရသလို Online Profile နဲ့လည်း အသုံးပြုလို့ရပါတယ်၊ Online Profile နဲ့ အသုံးပြုဖို့ဆိုရင် Microsoft Account လိုအပ်ပါတယ်။

Microsoft Account ရဲ့ အားသာချက်တွေ အများကြီး ရှိပါတယ်၊ ကွန်ပျူတာတစ်လုံးမှာ Account Sign in ဝင်ထားပြီး နောက်ထပ် ကွန်ပျူတာတစ်လုံးမှာ sign in ထပ်ဝင်တဲ့အခါ Sync လုပ်လိုက်တာနဲ့ ကိုယ်ချိန်ထားတဲ့ Settings, Themes, App, Mail, OneDrive, Xbox, Store, Movits & TV, Photo အစရှိတဲ့ Microsoft နဲ့ ပတ်သက်သမျှ အကုန်လုံး အသစ်ပြန်ချိန်စရာ မလိုဘဲ အသုံးပြုနိုင်ပါတယ်။

Windows နဲ့ Office App တွေမှာလည်း Microsoft Account Sign in ဝင်ပြီး အသုံးပြုလို့ရပါတယ်၊ Bind with Microsoft Account License Key တွေ ဝယ်သုံးထားတဲ့အခါ Windows နဲ့ Office App တွေမှာ Account Sign in ဝင်လိုက်တာနဲ့ Activated ဖြစ်ပါတယ်၊ Key ပြန်ရှာပြီး ထည့်စရာ မလိုတော့ပါဘူး။

Windows 10, Windows 11 အသုံးပြုတဲ့သူတွေအတွက် Microsoft Account တစ်ခုတော့ ရှိထားဖို့ လိုအပ်ပါတယ်။

Microsoft Account လုပ်နည်းကို ပုံနဲ့ Step by Setp ပြပေးထားပါတယ်။

အဆင်မပြေရင် Comment မှာ မေးခဲ့ပါ။

ကျန်းမာရွှင်လန်းကြပါစေ…။