Kaspersky Product (၃) မျိုးအကြောင်း

  • by
  • Blog

Ransomware Virus တိုက်ခိုက်မှုတွေခံရပြီး Data ဆုံးရှုံးမှုတွေ များလာတဲ့အတွက် Antivirus Software တွေကို License နဲ့ ဝယ်သုံးမှုတွေ ပိုများလာပါတယ်၊ အခုလက်ရှိ မြန်မာနိုင်ငံမှာ လူသုံးအများဆုံး ဖြစ်တဲ့ Kaspersky ရဲ့ Antivirus Product (၃) မျိုးရဲ့ အကြောင်းကို မျှဝေပေးလိုက်ပါတယ်။

Kaspersky ကုမ္ပဏီဟာ ရုရှားအခြေစိုက် Cyber Security ဆိုင်ရာ ထုတ်ကုန်များစွာကို ထုတ်လုပ်ထားပြီး သူ့ရဲ့ Antivirus ဟာ တစ်ကိုယ်ရည်သုံး Personal အတွက်သာမက အခြား လုပ်ငန်းကြီး Enterprise Business အတွက် နှင့် Cloud အတွက်တွေပါ များစွာရှိပါတယ်။

အခု ပြောပြမယ့် Product (၃) မျိုးကတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ကွန်ပျူတာ၊ ရုံးကွန်ပျူတာ တွေမှာ ထည့်ပြီးအသုံးပြုရတဲ့ အမျိုးအစားပဲ ဖြစ်ပါတယ်။

🟢Kaspersky Anti-Virus (KAV)

🟢Kaspersky Internet Security (KIS)

🟢Kaspersky Total Security (KTS)

🟥Kaspersky Anti-Virus (KAV)

+++++++++++++++++++++

ပထမတစ်ခုဖြစ်တဲ့ KAV မှာဆိုရင် Feature (၃) ခု ပါဝင်ပါတယ်၊ ရုံးသုံးနဲ့ သာမန်သုံး ကွန်ပျူတာများအတွက် သင့်လျော်ပြီး Windows မှာပဲ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အသုံးများဆုံး တစ်ခုဖြစ်ပါတယ်။ သူ့မှာ ပါဝင်တဲ့ Feature (၃) ခုကတော့ –

Real-Time Anti-Virus

+++++++++++++++++++++

ဒါက Antivirus Software တိုင်းမှာ ပါဝင်တဲ့ တစ်ခုဖြစ်ပါတယ်၊ Malware, Spyware, Ransomware တွေရဲ့ တိုက်ခိုက်မှုတွေကနေ ကာကွယ်ပေးပါတယ်။

Anti-Phishing

+++++++++++++++++++++

Scam Mail, Fake Sites တွေကနေပြီးတော့ မိမိရဲ့ Data အချက်အလက်တွေကို ခိုးယူမခံရအောင် ကာကွယ်ပေးပါတယ်။

Performance Optimization

+++++++++++++++++++++

မိမိရဲ့ စက်ကို ပေါ့အောင်၊ မလေးအောင်၊ သုံးရတာ Smooth ဖြစ်အောင် ကူညီပေးပါတယ်။

🟥Kaspersky Internet Security (KIS)

++++++++++++++++++++++++

ဒုတိယတစ်ခုဖြစ်တဲ့ KIS မှာဆိုရင် ပထမတစ်ခုဖြစ်တဲ့ KAV မှာ ပါဝင်တဲ့ Feature (၃) ခုအပြင်နောက်ထပ် (၇) ခု ပါဝင်လာပါတယ်၊ စုစုပေါင်း Feature (၁၀) ခု ပါဝင်ပါတယ်။ ပြီးတော့ သူက Windows, Mac, Android စတဲ့ OS တွေမှာလည်း အသုံးပြုလို့ရပါတယ်။

Payment Protection

+++++++++++++++++++++

အွန်လိုင်းကနေပြီးတော့ တစ်ခုခုဝယ်ယူတဲ့အခါမှာ ဥပမာ Shopping Site ကနေပြီးတော့ ပစ္စည်းဝယ်တာ၊ Service တွေ ဝယ်သုံးတာ၊ ကိုယ့်ရဲ့ Visa, Master Card, Credit Card တွေနဲ့ ငွေချေရတဲ့အခါ Transaction တွေကို Secure ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

Smart & Fast VPN

+++++++++++++++++++++

Kaspersky VPN တစ်ခုဖြစ်ပါတယ်၊ သီးခြား VPN တွေ ဝယ်စရာမလိုတော့ဘဲနဲ့ Premium VPN တစ်ခုကို အသုံးပြုရမှာဖြစ်ပါတယ်။ သူ့ရဲ့ Website မှာ ဝယ်သုံးမယ်ဆိုရင် One Year ကို 29.99 $ ကျသင့်မှာဖြစ်ပါတယ်။

Ad Blocker

+++++++++++++++++++++

ကျနော်တို့ အင်တာနက်အသုံးပြုတဲ့အခါမှာ ကြော်ငြာတွေ ခဏခဏတက်လာတာ တွေ့ဖူးကြပါလိမ့်မယ်၊ အဲဒီကြော်ငြာတွေ ပေါ်မလာအောင် Ad Blocker ကို အသုံးပြုလို့ရပါတယ်၊ ဒါပေမယ့် တစ်ချို့ Website တွေမှာ Ad Block လုပ်ထားရင် ဖွင့်မရတာမျိုးတွေ ရှိပါတယ်၊ ဥပမာ Channel Myanmar ကနေ ဇာတ်ကားတွေ Download လုပ်မယ်ဆိုရင် Ad Blocker ကို ခဏ ပိတ်ထားဖို့ လိုအပ်ပါတယ်။

Private Browsing

+++++++++++++++++++++

အင်တာနက်အသုံးပြုတဲ့အခါမှာ ပိုပြီးတော့ လုံခြုံအောင် Browser ကို Private အနေနဲ့အသုံးပြုတာဖြစ်ပါတယ်၊ ဥပမာ Google Chrome မှာ Incognito အသုံးပြုသလိုမျိုး ဖြစ်ပါတယ်။

WebCam Protection

+++++++++++++++++++++

နိုင်ငံခြားကားတွေထဲမှာ ကြည့်ဖူးကြပါလိမ့်မယ်၊ ကိုယ့် ကွန်ပျူတာရဲ့ WebCam ကို Hack ပြီး ကိုယ်လုပ်သမျှ အကုန်မြင်နေရပါတယ်၊ တကယ် Hack လို့ရပါတယ်၊ ( ကျနော်ကတော့ မ Hack တတ်ပါဘူး )။ တကယ်လို့ မိမိက နာမည်ကြီးတဲ့သူ Cele တစ်ယောက်ဆိုရင် သတိထားရပါလိမ့်မယ်။

Adult Content Blocker

+++++++++++++++++++++

ဒီ Feature ကတော့ တော်တော်လေးအသုံးဝင်ပါတယ်၊ ဘယ်လိုလူမျိုးအတွက်လဲဆိုတော့ ကိုယ့်မှာ အရွယ်မရောက်သေးတဲ့ သားသမီးတွေ ရှိတဲ့အခါ သူတို့က ဖုန်းတွေ, Laptop တွေ, Tablet တွေနဲ့ အင်တာနက်သုံးတဲ့အခါ မမြင်အပ် မကြည့်အပ်တဲ့ Photo, Video နဲ့ စာတွေကို ကြည့်လို့မရအောင် တားမြစ်ထားတာ ဖြစ်ပါတယ်။ ဒီ Feature ကို အသုံးပြုထားမယ်ဆိုရင်တော့ ရိုက်ရှာလို့လည်း ပေါ်လာမှာ မဟုတ်တော့ပါဘူး။

Screen-Time Management

+++++++++++++++++++++

ဒီဟာလည်း အဓိက ကိုယ့်ရဲ့ သားသမီးတွေကို ထိန်းချုပ်ချင်တဲ့အခါမှာ အရမ်းကောင်းပါတယ်။ ကလေးတွေက ဖုန်းတွေ, Tablet တွေပဲ အရမ်းကြည့်နေတယ်၊ Password ခံထားရင်လည်း ပြန်ဖွင့်ခိုင်းတယ်၊ ဒါကို အသုံးပြုမယ်ဆိုရင် သူက Screen ကြည့်ရှုချိန် ဥပမာ တစ်နေ့ကို မိနစ် (၆၀) ထားမယ်ဆိုရင် သတ်မှတ်အချိန်ပြည့်တာနဲ့ Screen က ပိတ်သွားမှာဖြစ်ပါတယ်။

++++++++++++++++++++++++

KTS မှာဆိုရင် KIS မှာ ပါတဲ့ Feature (၁၀) ခုအပြင် နောက်ထပ် (၃) ခု ပါဝင်ပါတယ်၊ ပြီးတော့ Windows, Mac, Android နဲ့ iOS တွေမှာပါ အသုံးပြုလို့ရပါတယ်၊ iPhone, iPad မှာသုံးမယ်ဆိုရင် KTS ကို အသုံးပြုရမှာဖြစ်ပါတယ်။

GPS Child Locator

+++++++++++++++++++++

Digital မြေပုံမှာ ကိုယ့်ကလေးနဲ့ အနီးစပ်ဆုံးနေရာကို Pinpoint ထောက်ပြီး GPS အနေနဲ့ ကလေးပျောက်သွားတဲ့အခါ ပြန်ရှာပေးတာဖြစ်ပါတယ်။ ဒီ Feature က တကယ်သုံးလို့ရမရ နဲ့ ဘယ်လောက်ကောင်းလဲဆိုတာတော့ ကျနော်လည်း မစမ်းဖူးသေးပါဘူး။

File Protection

+++++++++++++++++++++

ကိုယ့်စက်ထဲက Data တွေကို Backup ပြုလုပ်ပေးတာဖြစ်ပါတယ်၊ စက်ထဲက Data တွေ တစ်ခုခုဖြစ်သွားရင် Backup File နဲ့ Restore ပြန်လုပ်ပြီး Data တွေ မပျောက်ပျက်အောင် ကာကွယ်ထားလို့ရပါတယ်။

Password Manager

+++++++++++++++++++++

သူကတော့ ကျနော်တို့ရဲ့ Password တွေကို လုံခြုံအောင် ပြုလုပ်ပေးတာဖြစ်ပါတယ်၊ Strength ဖြစ်တဲ့ Password တွေကို Generate လုပ်ခိုင်းလို့ရသလို Browser မှာ အင်တာနက်အသုံးပြုတဲ့အခါမှာ Password တွေ မရိုက်ရအောင်လည်း ဒီ Password Manager မှာ ပြုလုပ်ထားလို့ရပါတယ်။

Product (၃) မျိုးနဲ့ သူ့ရဲ့ Features တွေကို သိသွားပြီဆိုရင် ကိုယ့်အနေနဲ့ ဘယ်ဟာကိုရွေးချယ်ရမလဲဆိုတာ ဆုံးဖြတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျနော့်အနေနဲ့ အကြံပေးရမယ်ဆိုရင် ကိုယ်က Virus ပဲ ကာကွယ်ချင်တယ်၊ Budget ကလည်း အများကြီး မသုံးချင်ဘူးဆိုရင် Kaspersky Anti-Virus ကို ရွေးချယ်ပါ။ ဒါမှမဟုတ် Budget လည်း တတ်နိုင်တယ်၊ တခြား Features တွေကိုလည်း သဘောကျတယ်ဆိုရင်တော့ Kaspersky Internet Security ကို ရွေးချယ်ပါ။

တစ်ခုပြောစရာရှိတာက တစ်ချို့ Feature တွေက Software ထည့် Key ထည့်လိုက်ရုံနဲ့ သုံးလို့မရပါဘူး။ ဥပမာ Adult Content Blocker, Screen-Time Management, Password Manager တွေက သီးသန့် Setting ချိန်ပေးရတာ ဖြစ်ပါတယ်။ ကိုယ်က Tech နဲ့ ပတ်သက်ပြီး အားနည်းတယ်ဆိုရင် Configuration အပိုင်းမှာ အခက်အခဲတွေ့နိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်..။