HDD, USB ဝယ်ရင် ဘာလို့ အပြည့်မရတာလဲ

  • by
  • Blog

ကျနော်တို့ ဆိုင်မှာ USB Stick တို့၊ Hard Disk တို့ကို အသစ်သွားဝယ်တဲ့အခါ ဝယ်လိုက်တာက 8 GB, 16 GB စသည်ဖြင့်ပေါ့၊ ဒါပေမယ့် စက်မှာ တပ်ကြည့်လိုက်တဲ့အခါ 8 GB မပြည့်ဘူး၊ 16 GB မပြည့်ဘူး၊ ဒါဆို ဝယ်လိုက်တဲ့ USB Stick က အတုကြီးလား၊ ဆိုင်က ဂျင်းထည့်လိုက်တာလား… ဒီအကြောင်းကို ပြောပြပေးသွားပါမယ်။

တကယ်တော့ ဆိုင်က ဂျင်းမထည့်ပါဘူး၊ USB Stick ကလည်း အတုမဟုတ်ပါဘူး၊ ဒါဆို ဘာလို့ အပြည့်မရတာလဲ။ငယ်ငယ်တုန်းက သင်ခဲ့ဖူးတဲ့ Base 2 အကြောင်းကို မှတ်မိကြလိမ့်မယ်ထင်ပါတယ်၊ အဲ့နေ့က ကျောင်းမတက်ရင်တော့ မသိလိုက်ဘူးပေါ့၊ Base 2 မှာ Binary 0 နဲ့ 1 ပဲ ရှိပါတယ်၊ အဲဒါကို bit လို့ ခေါ်ပါတယ်။

0 သို့မဟုတ် 1 ပါတဲ့ Code (၈) လုံးကို 8 bits လို့ခေါ်ပြီး 8 bits မှာ 1 byte ရှိပါတယ်။

1 Kilo ဆိုတာ 1000 ကို ပြောတာဖြစ်ပါတယ်။ဒါပေမယ့် Base 2 မှာတော့ 1 Kilo မှာ 1024 ရှိပါတယ်၊ 2^10 နဲ့ တွက်တာဖြစ်ပါတယ်။Base 10 မှာတော့ 1 Kilo မှာ 1000 ရှိပါတယ်၊ 10^3 နဲ့ တွက်တာဖြစ်ပါတယ်။

ဒါဆို Base 2 နဲ့ တွက်မယ်ဆိုရင်1 KB = 1024 bytes1 MB = 1024 KB1 GB = 1024 MB1 TB = 1024 GBဆိုပြီးတော့ ရှိပါတယ်။Base 10 နဲ့ တွက်မယ်ဆိုရင်တော့1 KB = 1000 bytes1 MB = 1000 KB1 GB = 1000 MB1 TB = 1000 GBဆိုပြီးတော့ ရပါတယ်။

ဘာကြောင့် Base 2 နဲ့ Base 10 အကြောင်းပြောတာလဲဆိုတော့ ကျနော်တို့ အသုံးပြုနေတဲ့ ကွန်ပျူတာတွေက Base 2 နဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။USB Stick, Hard Disk ထုတ်လုပ်နေတဲ့ စက်ရုံတွေကတော့ Base 10 ကို သုံးတာဖြစ်ပါတယ်။

ဒါကြောင့် Base 10 နဲ့ ထုတ်လုပ်ထားတဲ့ USB Stick, HDD တွေကို Base 2 နဲ့ အလုပ်လုပ်နေတဲ့ ကွန်ပျူတာတွေမှာ လာရောက်တပ်ဆင်အသုံးပြုတဲ့အခါမှာ Storage တွေက မတူညီတော့ပါဘူး။

ဘယ်လောက်ကွာခြားသွားလဲဆိုတာ ကြည့်လိုက်ရအောင်…USB 32 GB++++++++စက်ရုံက တွက်ချက်တာက32 GB = ( 1000 x 1000 x 1000 ) = 32,000,000,000 bytes အပေါ်က Equation ကိုကြည့်ပြီး GB ကနေ bytes ကို ပြောင်းတာဖြစ်ပါတယ်။

ကွန်ပျူတာ တွက်ချက်တာက32 GB = ( 1024 x 1024 x 1024 ) = 34,359,738,368 bytesအပေါ်က Equation ကိုကြည့်ပြီး GB ကနေ bytes ကို ပြောင်းတာဖြစ်ပါတယ်။

ကွာခြားချက်++++++++

34,359,738,368 – 32,000,000,000 = 2,359,738,368 bytes ရလာတဲ့ ကွာခြားချက် bytes ကို GB ကို ပြန်ပြောင်းတဲ့အခါ 2,359,738,368 / 1000 / 1000 / 1000 = 2.359738368 GB32 GB – 2.359738368 GB = 29 GB

ဒါကြောင့် ကိုယ့်မှာ 32 GB USB Stick ရှိတယ်ဆိုရင် ကွန်ပျူတာမှာ တပ်ကြည့်ပါ၊ 29 GB လို့ပဲ ပြနေပါလိမ့်မယ်။

ကိုယ့်မှာ HDD တွေ ရှိရင်လည်း တွက်ကြည့်ပါ၊ 500 GB ဆိုရင် ဘယ်လောက်ပဲ ရမလဲ၊ 1000 GB ဆိုရင် ဘယ်လောက်ပဲ ရမလဲ။တော်တော်များများက Binary ( Base 2 ) နဲ့ Decimal ( Base 10 ) ကြောင့်မို့လို့ အပြည့်မရတာလို့ သိပြီးသား ဖြစ်ကြပါတယ်၊ ဒါပေမယ့် သေသေချာချာသိပြီး တွက်တတ်ဖို့အတွက် ဒီပို့စ်ကို ရေးသားရခြင်း ဖြစ်ပါတယ်။

ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ တခြားသူတွေလည်း သိရအောင် Share ပေးသွားပါဦးခင်ဗျ…။

09 420180098

License Key Myanmar

ACTC Technology

www.actcmm.com