Adobe License အကြောင်း

တော်တော်များများက လာမေးကြတဲ့ Photoshop License Key ဝယ်လို့ရလား၊ Adobe Acrobat Key ဝယ်လို့ရလား စသည်ဖြင့် မေးခွန်းတွေကို အခု ရှင်းသွားအောင် Adobe License အကြောင်းကို အနည်းငယ် ရှင်းပြပေးချင်ပါတယ်၊

Adobe မှာ အရင်တုန်းက Adobe CS ဆိုပြီးတော့ အရင် ထုတ်ခဲ့တာပါ၊ CS ဆိုတာ Creative Suite ပါ၊ Version တွေကတော့ CS2, CS3, CS4, CS5, CS6 ဆိုပြီးတော့ CS6 မှာတင် ရပ်သွားပါတယ်၊ CS ပြီးတော့ CC Version ကို ပြောင်းလဲလိုက်တာပါ၊ CC ဆိုတာကတော့ Creative Cloud ဖြစ်ပါတယ်၊ CC Version ကို CC 2014,… ကနေ အခုနောက်ဆုံး CC 2024 အထိ ထွက်ထားပါတယ်၊

CS တုန်းကတော့ License Key နဲ့ ဝယ်ယူအသုံးပြုလို့ရပါတယ်၊ CC ဖြစ်လာတဲ့အချိန်မှာ သူက Subscription Service ကို ပြောင်းသွားပါတယ်၊ Subscription ဆိုတာ နားလည်အောင်ပြောရရင် လစဉ်ကြေး၊ နှစ်စဉ်ကြေးနဲ့ ဝယ်သုံးရတာပါ၊ ဝယ်ပြီး တစ်သက်တာ Lifetime ဆိုပြီး မရှိတော့ပါဘူး၊

CS နဲ့ CC ရဲ့ ကွာခြားချက်ကို အနည်းငယ် ထပ်ပြောချင်ပါတယ်၊

CS မှာဆိုရင် ဆော့ဖ်ဝဲဆိုရင် ဆော့ဖ်ဝဲတစ်ခုပဲ သုံးရတာပါ၊ ပြီးတော့ PC (Windows) အတွက်, Mac အတွက်ဆိုပြီး သီးသန့် သက်သက်စီ ရှိပါတယ်၊

CC မှာကတော့ License ဝယ်လိုက်ပြီဆိုရင် PC (Windows), Mac, iPad အကုန်လုံးမှာ အသုံးပြုလို့ရပါတယ်၊ ပြီးတော့ ဆော့ဖ်ဝဲပဲ အသုံးပြုရတာ မဟုတ်ဘဲ Cloud ဆိုတဲ့အတိုင်း Adobe Stock ( ပုံတွေ ယူသုံးလို့ရတယ် ) လည်း သုံးလို့ရသလို မိမိရဲ့ Design တွေကို သိမ်းဖို့ Cloud Storage လည်း ပါဝင်ပါတယ်၊ ပြီးတော့ Adobe Creative Cloud ဝယ်လိုက်ပြီဆိုရင် Adobe App တွေ အားလုံး ပါဝင်ပြီးသား ဖြစ်ပါတယ်၊ တစ်ခုချင်း ဝယ်စရာ မလိုပါဘူး၊

ဒါဆိုရင် CS နဲ့ CC ရဲ့ အကြောင်းကို နားလည်ပြီလို ထင်ပါတယ်၊

အခု CC ရဲ့ လိုင်စင်အကြောင်းကို ထပ်ပြီး ပြောပြပေးပါမယ်၊

Adobe Creative Cloud မှာ လိုင်စင်ဝယ်သုံးမယ်ဆိုရင် (၃) မျိုး ဝယ်လို့ရပါတယ်၊

  1. Adobe Trial
    Adobe Trial Account နဲ့ အသုံးပြုလို့ရပါတယ်၊ Trial ဆိုတဲ့အတွက် (7) Days, (14) Days ဆိုပြီး ရှိပါတယ်၊ ရက်ပြည့်တိုင်း အကောင့်အသစ် ပြောင်းသုံးရမှာပါ၊ သူက Adobe App တွေ အားလုံး အသုံးပြုလို့ရပါတယ်၊ ဒီအကောင့်တွေကို ဝယ်သုံးမယ်ဆိုရင် တစ်လကို 10000, 15000 ဝန်းကျင် ရှိပါတယ်၊ ဒီအကောင့်က Free လုပ်လို့ရပါတယ်၊ ကိုယ်က မလုပ်တတ်ဘူးဆိုရင် ဝယ်သုံးလိုက်ပါ၊
  2. Photography Plan
    တချို့က Photoshop ပဲ သုံးချင်တာ ကျန်တာ မသုံးဘူးဆိုတဲ့သူတွေ ဒီဟာကို ဝယ်လို့ရပါတယ်၊ Photography Plan ထဲမှာ Photoshop နဲ့ Lightroom နှစ်မျိုး သုံးလို့ရပါတယ်၊ သူက Official ပါ၊ ဝယ်ရပါတယ်၊ Free မရပါဘူး၊ သူက ဝယ်သုံးမယ်ဆိုရင် တစ်လကို 20000 ဝန်းကျင် ရှိပါတယ်၊
  3. Adobe CC Full App
    ဒါကတော့ Adobe App တွေ အကုန်သုံးလို့ရပါတယ်၊ Trail ကလည်း Adobe App အကုန် သုံးလို့ရပါတယ်၊ ဒါပေမယ့် သူက Trial ဖြစ်ပါတယ်၊ မတူပါဘူး၊ ဒါကတော့ Official ပါ၊ ဝယ်သုံးရပါတယ်၊ ရေရှည်သုံးမယ့်သူက ဒီဟာကိုပဲ ဝယ်ပါတယ်၊ Trial ကတော့ ခဏတဖြုတ်ပဲ သုံးမယ့်သူ၊ စမ်းသုံးမယ့်သူလောက်ပဲ ဝယ်တာပါ၊ Adobe CC Full App ကို ဝယ်သုံးမယ်ဆိုရင် တစ်လကို 35000 ဝန်းကျင် ရှိပါတယ်၊

ဒါကြောင့် မေးခွန်းကို ပြန်သွားမယ်ဆိုရင် Photoshop Key ဝယ်လို့ရလား၊ Acrobat Key ဝယ်လို့ရလား ဆိုရင် ဝယ်လို့ မရပါဘူး၊ ရှိလည်း မရှိပါဘူး၊ Creative Cloud Account ဝယ်ရတာပါ၊

ဒီ Creative Cloud ကို ဘယ်လိုလူတွေက ဝယ်သုံးကြတာလဲဆိုရင် Professional Graphic Design သမားတွေ၊ Photographer ( ဓါတ်ပုံဆရာ ) တွေ၊ Video Editing သမားတွေ၊ ဒီဆော့ဖ်ဝဲကို သုံးပြီး အဓိက ဝင်ငွေရပြီး အသက်မွေးနေကြတဲ့သူတွေက ဝယ်သုံးကြပါတယ်၊

Normal User တွေအနေနဲ့ကြတော့ ဒီဟာကို ဝယ်သုံးဖို့ အဆင်မပြေပါဘူး၊ ဘာကြောင့်လဲဆိုတော့ ဈေးများနေလို့ပါ၊

ကျနော်တို့ဆီမှာ Adobe Creative Cloud လိုင်စင်တွေ မရောင်းပေးပါဘူး၊ ဝယ်ချင်တယ်ဆိုရင် တခြားရောင်းတဲ့သူဆီကို ညွှန်ပေးလို့ ရပါတယ်၊

တကယ်လို့ ကိုယ်က Photoshop ပဲ သုံးချင်တာ၊ Acrobat ပဲ သုံးချင်တာ အပေါ်က ပြောတဲ့ လိုင်စင်တွေလည်း မဝယ်ချင်ဘူး၊ ဘာလုပ်ရမလဲဆိုရင် ကျနော်တို့ဆီမှာ Activated Version တွေ ဝယ်လို့ရပါတယ်၊

Activated Version ဆိုတာ Activate ဖြစ်ပြီးသား Version ဖြစ်ပါတယ်၊ လိုင်စင် Version မဟုတ်ပါဘူး၊ ( Crack နဲ့ ဆင်တူပါတယ် )၊ အင်တာနက် ချိတ်သုံးလည်း ပြဿနာမရှိပါဘူး၊ ဒါက Online ပေါ်မှာ ကိုယ့်ဟာကို ရှာလည်း ရပါတယ်၊ ဆိုင်သွားထည့်ခိုင်းလည်း ရပါတယ်၊

ဆော့ဖ်ဝဲတစ်ခုကို 5000 ပါ၊ Download Link ပို့ပေးပါတယ်၊ Install လုပ်နည်း ပို့ပေးပါတယ်၊ ကိုယ်တိုင် မလုပ်တတ်ရင်လည်း Remote နဲ့ လှမ်းလုပ်ပေးပါတယ်၊

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Ph: 09 777955704
Viber: 09 420180098